Amazing

အသားအရေပျက်စီးမှုတွေနဲ့ စိတ်ဖိစီးမှုတွေကို သက်သာစေသည့်စကားကြောင့် ဝိုင်ဖြင့်ရေချိုးရသော ရေချိုးကန်လေးတွင် လူများစည်ကားနေပြီး နာမည်ကြီးနေခဲ့

Written by Real Thadin

လုပ်ငန်းတစ်ခု၏အောင်မြင်မှုသည် ဝယ်ယူစားသုံသူတို့၏စိတ်ကျေနပ်မှုအပေါ်တွင် များစွာသက်ဆိုင်မှုရှိနေခဲ့တာဖြစ်ပါတယ်။ဂျပန်နိုင်ငံ Hakoneတွင် စိတ်ဖိစီးမှုများနှင့် အသားအရေပျက်စီးမှုတွေကို သက်သာစေနိုင်သည်ဆိုသော ရေချိုးကန်တစ်ခုဟာ အလွန်နာမည်ကြီးလာခဲ့ပါတယ်။

ရေချိုးခန်းကို သာမန်ရေဖြင့်ချိုးစေတာမျိုးမဟုတ်ဘဲ ဝိုင်နီဖြင့် ရေစိမ်ပြီး အေးဆေးစွာ အနားယူနိုင်တာဖြစ်ပါတယ်။ဝိုင်ကြိုက်သူများအတွက်တော့ ရေချိုးရင်းဝိုင်ပါတစ်ခါတည်းသောက်ချနိုင်တာဖြစ်ပါတယ်။လာရောက်ရေချိုးသူများကလည်း ဝိုင်ဖြင့်ရေချိုးရာမှ အမှန်တကယ်လန်းဆန်းကြောင်း ပြောဆိုနေကြသဖြင့် အတော်လေးလူစည်ကားပြီး နာမည်ကြီးနေခဲ့တာဟုသိရပါတယ်။

စာဖတ်သူတို့အနေဖြင့်ရော ဝိုင်ကန်ထဲမှာရေချိုးရင်း ဝိုင်တွေသောက်ဖို့အတွက် ကြိုက်မှာ သေချာပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

About the author

Real Thadin