Life Style

စွန့်စားရတာကို အလွန်သဘောကျသည့် အသက်၉၃နှစ်အရွယ်အဖွားအိုက လေယာဥ်ခေါင်မိုးပေါ်ကနေ လိုက်စီးပြီး ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့သူ

Written by Real Thadin

အများ၏ပြောဆိုနေသောအချက်အလက်များအရ Betty Nromage ဆိုသည့် အသက်၉၃နှစ်အရွယ်အဖွားအိုဟာ အင်္ဂလန်နိုင်ငံ Cheltenhamရှိ ဘိုးဘွားရိပ်သာတွင်နေထိုင်သူဖြစ်ပါတယ်။အဖွားအိုဟာ သူနာပြုဟောင်းတစ်ဦးဖြစ်ပြီး အန္တရာယ်များတဲ့စွန့်စားမှုတွေ ပြုလုပ်ရတာကို အလွန်ဝါသနာပါသူဖြစ်ပါတယ်။

ယခုတွင်လည်း အဖွားအိုက ဂျက်လေယာဥ်တစ်စီး၏ ခေါင်မိုးပေါ်ကနေ မတ်တပ်ရပ်လိုက်စီးပြီး ကမ္ဘာကြီးကို တုန်လှုပ်သွားခဲ့တာဖြစ်ပါတယ်။အဖွားအို၏စွန့်စားမှုကြောင့်ပင် ဘိုးဘွားရိပ်သာအတွက် အလှူငွေများစွာကို ရှာဖွေပေးနိုင်ခဲ့သေးတာဟုသိရပါတယ်။

ထိုသို့လိုက်စီးသည့်အတွက် ခံစားချက်ကို မေးမြန်းကြည့်ရမှာတော့ အလွန်စိတ်လှုပ်ရှားစကာကောင်းပြီး မလုပ်ရဲတဲ့အရာတွေကို လုပ်ဆောင်စမ်းသပ်ကြည့်သင့်တယ်ဟု အကြံပေးခဲ့သေးတာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

About the author

Real Thadin