ENTERTAINMENT

မတူညီတဲ့အသားအရောင်ပိုင်ရှင်မိန်းကလေးတွေရဲ့ ထူးခြားတဲ့အလှကိုယ်စီကို ဖော်ပြနေတဲ့ပုံရိပ်တွေ

Written by Real Thadin

Maggie Sweets ဆိုသူဟာ ဓာတ်ပုံဆရာတစ်ယောက်အနေနဲ့ အလုပ်လုပ်ရတဲ့အခါ နောက်ခံအမျိုးမျိုးကနေ လူမျိုးစုံကိုဓာတ်ပုံရိုက်ဖူးပါတယ်။ သူမဟာ ဒီနှစ်အနည်းငယ်အတွင်းမှာ လူ့အသိုင်းအဝိုင်းထဲက လူငယ်တွေနဲ့ ကြံ့ခိုင်သန်မာတဲ့ အမျိုးသမီးတွေကို ဓာတ်ပုံရိုက်ကူးမှုပြုလုပ်မယ့် အထူးအခွင့်အရေးတစ်ခုကို ဖန်တီးခဲ့တာဖြစ်ပါတယ်။

1.

2.

“အဲဒီကနေ ကျွန်မတကယ်ကိုချစ်မြတ်နိုးရတဲ့ ပရောဂျက်တစ်ခုဖြစ်တဲ့ ‘Shades of Beauty’ ဓာတ်ပုံပရောဂျက်ကို လုပ်ဆောင်ခဲ့ပြီး ဒီပရောဂျက်ဟာ ငယ်ရွယ်တဲ့အမျိုးသမီးတွေရဲ့ စိတ်ဓာတ်ခွန်အားပြည့်ဝစေမယ့် ပုံရိပ်တွေကို ရိုက်ကူးတဲ့ပရောဂျက်တစ်ခုဖြစ်ပါတယ် မတူညီတဲ့အသားအရောင်အားလုံးကို ဂုဏ်ပြုတဲ့အနေနဲ့ ရိုက်ကူးထားခဲ့တာပါ ဒီပရောဂျက်အတွက် African, African American, Middle Eastern, Asian, Caucasian, Native American, mixed races, Hispanic နဲ့ South Asian စတဲ့မတူညီတဲ့ အထက်တန်းကျောင်းသူ မော်ဒယ် 10 ဦးကို ခေါ်ယူခဲ့တာပါ မတူညီမှုတွေစုံလင်စွာ ပါဝင်ပေါင်းစည်းထားတာကြောင့် ခုလိုမျိုးအရမ်းကိုပြီးပြည့်စုံတဲ့ ပုံရိပ်မျိုးကို တစ်ခါမှမတွေ့ဖူးခဲ့ပါဘူး” ဟု ဓာတ်ပုံဆရာ Maggie Sweets က ဆိုပါတယ်။

3.

4.

သူမရဲ့ပရောဂျက်အတွက် ပါဝင်ကူညီပေးခဲ့ကြတဲ့ သူတွေကိုလည်း ကျေးဇူးတင်မိကြောင်း သူမကထုတ်ဖော်ပြောကြားခဲ့ပါတယ်။ “ဆံပင်ဝန်ဆောင်မှုပေးတဲ့ Tonasha at Beauty မှ Tonasha, မိတ်ကပ်လိမ်းခြယ်ပေးတဲ့ Danica American Beauty South Dakota နဲ့ ရိုက်ကူးမှုကိုအောင်မြင်အောင် ကူညီပေးခဲ့ကြတဲ့ မော်ဒယ်တွေ၊ မိဘတွေနဲ့ သူငယ်ချင်းတွေအားလုံးကို ကျေးဇူးတင်ပါတယ်” ဟု ပြောကြားထားပါတယ်။

5.

6.

ဒီဓာတ်ပုံတွေက ကွဲပြားခြားနားတဲ့ အသားအရောင်ကာလာတွေရှိကြပေမယ့် လူတစ်ယောက်စီတိုင်းမှာ မတူညီတဲ့ ထူးခြားတဲ့အလှတွေရှိနေကြောင်းကို ထင်ထင်ရှားရှားတွေ့မြင်နိုင်ပါတယ်။ ကိုယ့်ရဲ့ပုံပန်းသဏ္ဌာန်ကြောင့် ယုံကြည်မှုအားနည်းနေသူတွေအတွက် ဒီဓာတ်ပုံတွေကနေ ခွန်အားတစ်စုံတစ်ရာ ပေးစွမ်းနိုင်မှာပါ။

7.

8.

CRD:SHWEMOM

About the author

Real Thadin