Life Style

အိမ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် အသက်အရွယ်ကို ဂရုမစိုက်ဘဲ နိုင်ငံရေးသိပ္ပံ ကျောင်းသားအသစ်အဖြစ် ကျောင်းပြန်တက်တဲ့ ၇၅ နှစ်အရွယ်အဘိုး

Written by Real Thadin

အောင်မြင်မှုကိုရှာဖွေဖို့ အသက်ကန့်သတ်ချက်မရှိတာကြောင့် သင့်အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက် နောက်ကျတယ်ဆိုတာမျိုး ဘယ်တော့မှမရှိပါဘူး။ အငြိမ်းစားယူတဲ့ အရွယ်ကို ကျော်သွားရင်တောင် သူတို့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့သူတွေ တော်တော်များများအတွက် ဒါက မှန်ပါတယ်။အသက် 75 နှစ်အရွယ် အဘိုး Benjamin Naoe အတွက်ကလည်း ဒါက သူခံစားနေရတဲ့အတိုင်းပါပဲ။ အ ဘိုး Lolo Benjamin ဟာ မကြာသေးမီက ဖိလစ်ပိုင်နိုင်ငံ Pangasinan တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ကျောင်းသားအသစ်အဖြစ် စာရင်းသွင်းထားခဲ့ပြီး အတန်းဖော်တစ်ဦးက သူ့ရဲ့ဇာတ်လမ်းကို ဖေ့စ်ဘွတ် ခ်ပေါ် ဝေမျှပြီးနောက်မှာ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပါတယ်။

အဘိုး Lolo Benjamin ရဲ့စိတ်ပိုင်းဖြတ်မှုကို သဘောကျသွားပြီးနောက် အတန်းဖော် Christian Monses က သူ့ရဲ့ ဖေ့စ်ဘုတ်အကောင့်မှာ ချစ်စရာကောင်းတဲ့ အဘိုးရဲ့ ပုံတွေကို တင်ပေးခဲ့ပါတယ်။ ထို့ပြင် Christian က အဘိုး Lolo Benjamin ဟာ ဘဝရဲ့ အခက်အခဲများစွာကြောင့် သူ့ရဲ့ပညာရေးကို မ ပြီးမြောက်နိုင်ခဲ့ကြောင်းလည်း ပြောပြခဲ့ပါတယ်။

ဖိလစ်ပိုင်ရှိ ငယ်ရွယ်တဲ့ကျောင်းသားတွေလို အဘိုးဟာ အထက်တန်းကျောင်းပြီးနောက် အလုပ်ရှာခဲ့ရ ပြီး နောက်ပိုင်းမှာ မိသားစုရှိလာတာကြောင့် ကျောင်းပြန်တက်ဖို့ အချိန်မရှိတော့ပါဘူး။ ဒါပေမယ့် အခု တော့ ဇနီးဖြစ်သူက ကောင်းကင်ဘုံကို ရောက်သွားပြီဖြစ်တဲ့အပြင် သူ့ရဲ့ သားသမီးတွေ အားလုံးလည်း ကြီးပြင်းလာတဲ့အတွက် ၊ အဘိုး Lolo Benjamin ဟာ နောက်ဆုံးမှာ သူ့အိပ်မက်ကိုအကောင်အထည်ဖော် ဖို့ အချိန်တွေ အများကြီး ရှိလာခဲ့တာနဲ့ ကျောင်းပြန်တက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

သူ့ရဲ့အသက်အရွယ်မှာ လူအများစုက ၎င်းတို့ရဲ့အလုပ်ကနေ မဖြစ်မနေအငြိမ်းစားယူကြပေမဲ့လည်း အဘိုး Lolo Benjamin ဟာ ကောလိပ်မှဘွဲ့ရရင် အလုပ်ရှာဖို့ အသက်ကြီးနေပြီဖြစ်တာကိုသိပေမဲ့လည်း ဂရုမစိုက်ဘဲ သူအနေနဲ့ ဘွဲ့တစ်ခုရဖို့ သူ့အိပ်မက်ကို အကောင်အထည်ဖော်ချင်ရုံသာဖြစ်ပါတယ်။

ဒါ့ကြောင့် စာဖတ်သူတို့လည်း အိမ်မက်သာရှိနေရင် အသက်အရွယ်အပိုင်းအခြားတွေကို ဂရုမစိုက်ဘဲ ကိုယ့်ပန်းတိုင်ကို ဆက်လျှောက်လှမ်းသင့်ပါတယ်ဗျ ။

Zawgyi

အိမ္မက္ကို အေကာင္အထည္ေဖာ္ဖို႔အတြက္ အသက္အ႐ြယ္ကို ဂ႐ုမစိုက္ဘဲ ႏိုင္ငံေရးသိပၸံ ေက်ာင္းသားအသစ္အျဖစ္ ေက်ာင္းျပန္တက္တဲ့ ၇၅ ႏွစ္အ႐ြယ္အဘိုး

ေအာင္ျမင္မႈကိုရွာေဖြဖို႔ အသက္ကန႔္သတ္ခ်က္မရွိတာေၾကာင့္ သင့္အိပ္မက္ေတြကို အေကာင္အထည္ေဖာ္ဖို႔အတြက္ ေနာက္က်တယ္ဆိုတာမ်ိဳး ဘယ္ေတာ့မွမရွိပါဘူး။ အၿငိမ္းစားယူတဲ့ အ႐ြယ္ကို ေက်ာ္သြားရင္ေတာင္ သူတို႔ရဲ႕အိပ္မက္ေတြကို အေကာင္အထည္ေဖာ္ဖို႔ ႀကိဳးစားေနတဲ့သူေတြ ေတာ္ေတာ္မ်ားမ်ားအတြက္ ဒါက မွန္ပါတယ္။အသက္ 75 ႏွစ္အ႐ြယ္ အဘိုး Benjamin Naoe အတြက္ကလည္း ဒါက သူခံစားေနရတဲ့အတိုင္းပါပဲ။ အ ဘိုး Lolo Benjamin ဟာ မၾကာေသးမီက ဖိလစ္ပိုင္ႏိုင္ငံ Pangasinan တကၠသိုလ္မွ ႏိုင္ငံေရးသိပၸံ ေက်ာင္းသားအသစ္အျဖစ္ စာရင္းသြင္းထားခဲ့ၿပီး အတန္းေဖာ္တစ္ဦးက သူ႔ရဲ႕ဇာတ္လမ္းကို ေဖ့စ္ဘြတ္ ခ္ေပၚ ေဝမွ်ၿပီးေနာက္မွာ လ်င္ျမန္စြာ ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။

အဘိုး Lolo Benjamin ရဲ႕စိတ္ပိုင္းျဖတ္မႈကို သေဘာက်သြားၿပီးေနာက္ အတန္းေဖာ္ Christian Monses က သူ႔ရဲ႕ ေဖ့စ္ဘုတ္အေကာင့္မွာ ခ်စ္စရာေကာင္းတဲ့ အဘိုးရဲ႕ ပုံေတြကို တင္ေပးခဲ့ပါတယ္။ ထို႔ျပင္ Christian က အဘိုး Lolo Benjamin ဟာ ဘဝရဲ႕ အခက္အခဲမ်ားစြာေၾကာင့္ သူ႔ရဲ႕ပညာေရးကို မ ၿပီးေျမာက္ႏိုင္ခဲ့ေၾကာင္းလည္း ေျပာျပခဲ့ပါတယ္။

ဖိလစ္ပိုင္ရွိ ငယ္႐ြယ္တဲ့ေက်ာင္းသားေတြလို အဘိုးဟာ အထက္တန္းေက်ာင္းၿပီးေနာက္ အလုပ္ရွာခဲ့ရ ၿပီး ေနာက္ပိုင္းမွာ မိသားစုရွိလာတာေၾကာင့္ ေက်ာင္းျပန္တက္ဖို႔ အခ်ိန္မရွိေတာ့ပါဘူး။ ဒါေပမယ့္ အခု ေတာ့ ဇနီးျဖစ္သူက ေကာင္းကင္ဘုံကို ေရာက္သြားၿပီျဖစ္တဲ့အျပင္ သူ႔ရဲ႕ သားသမီးေတြ အားလုံးလည္း ႀကီးျပင္းလာတဲ့အတြက္ ၊ အဘိုး Lolo Benjamin ဟာ ေနာက္ဆုံးမွာ သူ႔အိပ္မက္ကိုအေကာင္အထည္ေဖာ္ ဖို႔ အခ်ိန္ေတြ အမ်ားႀကီး ရွိလာခဲ့တာနဲ႔ ေက်ာင္းျပန္တက္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။

သူ႔ရဲ႕အသက္အ႐ြယ္မွာ လူအမ်ားစုက ၎တို႔ရဲ႕အလုပ္ကေန မျဖစ္မေနအၿငိမ္းစားယူၾကေပမဲ့လည္း အဘိုး Lolo Benjamin ဟာ ေကာလိပ္မွဘြဲ႕ရရင္ အလုပ္ရွာဖို႔ အသက္ႀကီးေနၿပီျဖစ္တာကိုသိေပမဲ့လည္း ဂ႐ုမစိုက္ဘဲ သူအေနနဲ႔ ဘြဲ႕တစ္ခုရဖို႔ သူ႔အိပ္မက္ကို အေကာင္အထည္ေဖာ္ခ်င္႐ုံသာျဖစ္ပါတယ္။

ဒါ့ေၾကာင့္ စာဖတ္သူတို႔လည္း အိမ္မက္သာရွိေနရင္ အသက္အ႐ြယ္အပိုင္းအျခားေတြကို ဂ႐ုမစိုက္ဘဲ ကိုယ့္ပန္းတိုင္ကို ဆက္ေလွ်ာက္လွမ္းသင့္ပါတယ္ဗ် ။

About the author

Real Thadin