ENTERTAINMENT

ကလေးတွေရဲ့အရုပ်လေးတွေကို အသက်သွင်းပေးပြီး အမိုက်စားရိုက်ချက်တွေကိုရိုက်ကူးခဲ့တဲ့ မိခင်

Written by Real Thadin

Quarantine Lockdown ကာလဟာ ကမ္ဘာတစ်ဝှမ်းလုံးရှိ မိဘတွေအတွက် အတော်လေးကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုပဲ ဖြစ်ပါတယ်။ ဒီကာလမှာ မိဘတွေက သားသမီးတွေကို အမြဲမပြတ်စောင့်ကြည့်ပြီး သူတို့ရဲ့ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အဆင်သင့်ဖြစ်နေရမှာ ဖြစ်ပါတယ်။ “ကလေးနှစ်ယောက်ရှိတဲ့ ကျွန်မတို့မိသားစုဟာ ကျေးလက်ဒေသမှာ Lockdown ကိုဖြတ်သန်းခဲ့ပြီး အခြားသူများလိုပဲ ဒီအခွင့်အရေးတွင် သဘာဝနဲ့ပိုထိတွေ့ရန် အချိန်ယူဖို့ ကြိုးစားခဲ့ပါတယ် ဒါနဲ့ ကျွန်မက အရုပ်ပရောဂျက်တွေရဲ့ လျှို့ဝှက်စွန့်စားခန်းတွေကို စတင်ခဲ့ပါတယ်” ဟု ကလေးနှစ်ယောက်ရဲ့ မိခင်ဖြစ်သူက ဆိုပါတယ်။

1.

2.

3.

“ကလေးတွေကစားနေတာကိုကြည့်ရင်း သူတို့ရဲ့စိတ်ထဲမှာ ရုပ်ပုံတွေကို ဘယ်လိုဖန်တီးနိုင်လဲ လက်ထဲမှာရှိတဲ့ အရုပ်တွေကို ဘယ်လိုအသက်သွင်းမလဲဆိုတာကို သတိပြုမိလာပါတယ် ဒါကြောင့် ဒီပုံတွေကို ကင်မရာနဲ့ဖမ်းယူဖို့ ကြိုးစားပြီး ကလေးတွေနေ့စဉ်မြင်နေရတဲ့ ရှုထောင့်အသစ်တစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ပါတယ် ပြီးပြည့်စုံတဲ့နေရာတွေကိုရှာဖွေပြီးတော့ ဒီဇာတ်လမ်းတိုလေးတွေကို ဖန်တီးကာ ကျွန်မရဲ့ကလေးတွေအတွက် ပျော်စရာဂိမ်းတစ်ခုအဖြစ် စတင်ခဲ့ပါတယ် ဒီလိုနဲ့ လယ်ကွင်းပြင်ကြီးက သဲကန္တာရဖြစ်လာပြီး မြက်ခင်းပြင်တွေထဲ တောကြီးဖြစ်လာကာ ကုန်းမြေက စစ်မြေပြင်ဖြစ်လာခဲ့ပြီးတော့ အရုပ်တွေအားလုံးက အသက်ဝင်လာခဲ့ပါတယ်” ဟု မိခင်ဖြစ်သူက သူ့ရဲ့ဖန်တီးမှုနဲ့ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။

4.

5.

6.

“ဓာတ်ပုံဆရာတစ်ယောက်အနေနဲ့ ကျွန်မရဲ့ခရီးစဉ်ကို အဖေပေးခဲ့တဲ့ ကင်မရာနဲ့ စတင်ခဲ့တာပါ အမြဲတမ်း ဓာတ်ပုံတွေအများကြီးရိုက်ဖြစ်တယ် ဂရပ်ဖစ်ဒီဇိုင်းပညာကိုလေ့လာခဲ့ပေမယ့် ဓာတ်ပုံပညာကပဲ ဒီကနေ့အထိ ကျွန်မနဲ့အတူ ရှိနေခဲ့ပါတယ် ဓာတ်ပုံပညာက ကျွန်မရဲ့ဝါသနာဖြစ်ပြီး ကျွန်မက တစ်ခုခုကိုအမြဲဖန်တီးနေတတ်ပါတယ်” ဟု ပြောပြသွားခဲ့ပါတယ်။

7.

8.

9.

CRD:SHWEMOM

About the author

Real Thadin