သာမန်ကလေးတစ်ယောက်သည် အသက်၇နှစ်အရွယ်တွင် ဆော့ကစားရန်နှင့်ညအစားစားရန်သာသိကြသေးတာဖြစ်ပါတယ်။သို့သော်လည်း Shakthiဆိုသည့် သမီးငယ်လေးကတော့ အသက်၇နှစ်မှာဘဲ နိုင်ငံ၏စံပြတစ်ဦးဖြစ်နေခဲ့ပါပြီ။
ကလေးငယ်လေးဟာ ရရှိသည့်မုန့်ဖိုးငွေလေးတွေကို စုဆောင်းပြီး မရှိဆင်းရဲသားများကို အခမဲ့ယူဆောင်ခွင့်ပေးထားသည့် ကုန်ပစ္စည်းဆိုင်လေးကို ထားရှိပေးခဲ့ပါတယ်။ဆန်၊ဆီ၊စည်သွပ်ဘူးနှင့် အခြားစားစရာတွေကို ထားရှိပေးထားပြီး အဆင်မပြေသူများအနေဖြင့် အခမဲ့ယူဆောင်နိုင်တာဖြစ်ပါတယ်။
ကလေးငယ်လေး၏ ကိုယ်ပိုင်စိတ်ကူးဖြင့် လှူဒါန်းထားပုံသည် အလွန်လေးစားဖွယ်ကောင်းလှပြီး နိုင်ငံ၏သူဋ္ဌေးကြီးများကပင် ကလေး၏အလှူတွင်ပါဝင်လာခဲ့ကြပြီး ပိုမိုနာမည်ကြီးလာခဲ့ပါတယ်။အခြားစာသင်ကျောင်းမှ ကျောင်းသားကျောင်းသူတို့ကလည်း မုန့်ဖိုးလေးများဖြင့် လှူဒါန်းနိုင်အောင် ကြိုးစားလာခဲ့ကြပါတယ်။
Shoon (Cele Daily)
Zawgyi
မရွိဆင္းရဲသားမ်ားအား လႉဒါန္းႏိုင္ရန္အတြက္ ရရွိသည့္မုန္႔ဖိုးေငြေလးျဖင့္ အခမဲ့ကုန္စုံဆိုင္ကို ဖြင့္လွစ္ေပးခဲ့သည့္ ၇ႏွစ္အ႐ြယ္သမီးငယ္ေလး
သာမန္ကေလးတစ္ေယာက္သည္ အသက္၇ႏွစ္အ႐ြယ္တြင္ ေဆာ့ကစားရန္ႏွင့္ညအစားစားရန္သာသိၾကေသးတာျဖစ္ပါတယ္။သို႔ေသာ္လည္း Shakthiဆိုသည့္ သမီးငယ္ေလးကေတာ့ အသက္၇ႏွစ္မွာဘဲ ႏိုင္ငံ၏စံျပတစ္ဦးျဖစ္ေနခဲ့ပါၿပီ။
ကေလးငယ္ေလးဟာ ရရွိသည့္မုန္႔ဖိုးေငြေလးေတြကို စုေဆာင္းၿပီး မရွိဆင္းရဲသားမ်ားကို အခမဲ့ယူေဆာင္ခြင့္ေပးထားသည့္ ကုန္ပစၥည္းဆိုင္ေလးကို ထားရွိေပးခဲ့ပါတယ္။ဆန္၊ဆီ၊စည္သြပ္ဘူးႏွင့္ အျခားစားစရာေတြကို ထားရွိေပးထားၿပီး အဆင္မေျပသူမ်ားအေနျဖင့္ အခမဲ့ယူေဆာင္ႏိုင္တာျဖစ္ပါတယ္။
ကေလးငယ္ေလး၏ ကိုယ္ပိုင္စိတ္ကူးျဖင့္ လႉဒါန္းထားပုံသည္ အလြန္ေလးစားဖြယ္ေကာင္းလွၿပီး ႏိုင္ငံ၏သူေ႒းႀကီးမ်ားကပင္ ကေလး၏အလႉတြင္ပါဝင္လာခဲ့ၾကၿပီး ပိုမိုနာမည္ႀကီးလာခဲ့ပါတယ္။အျခားစာသင္ေက်ာင္းမွ ေက်ာင္းသားေက်ာင္းသူတို႔ကလည္း မုန္႔ဖိုးေလးမ်ားျဖင့္ လႉဒါန္းႏိုင္ေအာင္ ႀကိဳးစားလာခဲ့ၾကပါတယ္။
Shoon (Cele Daily)