Environment

စွန့်ပစ်ထားတာ ကြာမြင့်နေပြီဖြစ်ပေမယ့် ပိုင်ဆိုင်မှုတွေ နဂိုအတိုင်း ကျန်ရှိနေတဲ့ အိမ်အိုကြီး

ရွာသူရွာသားများရဲ့ ပြောပြချက်အရ တစ်ချိန်က ဒီအိမ်ကြီးမှာ စိတ်သဘောထားကောင်းမွန်ပြီး ကြင်နာတတ်တဲ့ လယ်သမားတစ်ဦး နေထိုင်ခဲ့တယ်လု့ိ ဆိုပါတယ်။ ဒီလယ်သမားကြီးဟာ သူ့ရဲ့အကောင်းဆုံးသော မျိုးစေ့တွေကို အိမ်နီးနားချင်းတွေကို ဝေမျှပေးလေ့ရှိတာပါ။

ဒါက ရွာသားတွေအတွက် ပုံမှန်မဟုတ်တဲ့ ထူးဆန်းတဲ့ကိစ္စဖြစ်နေတာကြောင့် လယ်သမားကြီးကို လူတွေက ဘာလို့ဒီလိုလုပ်တာလဲလို့ အမြဲတမ်းအမေးခံရတာဖြစ်ပြီး လယ်သမားကြီးက ခုလိုပြန်ပြောခဲ့ပါတယ် “ငါတို့ဒီမှာနေလာတာ နှစ်အတော်ကြာပြီ ငါတို့မှာတူညီတဲ့ အကြောင်းအရင်းတွေရှိတယ် လယ်တွေရှိကြတယ် ဒါကြောင့် တကယ်လို့ င့ါရဲ့အိမ်နီးချင်းတွေက အရည်အသွေးနိမ့်စပါးတွေကို စိုက်ပျိုးလိုက်ရင် ငါတို့ရဲ့အသီးအနှံအရည်အသွေးကို ကျဆင်းစေလိမ့်မယ် အဲဒါကြောင့် သူတို့ကို အကောင်းဆုံးမျိုးစေ့တွေပဲ စိုက်ပျိုးစေချင်တယ်” လို့ ပြောကြားခဲ့ပါတယ်။

ရှာဖွေတွေ့ရှိသူဟာ ဥရောပရဲ့စွန့်ပစ်နေရာများကို စူးစမ်းလေ့လာရန် ပထမဆုံးခြေလှမ်းစတင်ချိန်မှာ ဒီအိမ်ကို မတော်တဆရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။ ထူထပ်သိပ်သည်းတဲ့ အပင်တွေဟာ အဆောက်အအုံရဲ့ မျက်နှာစာတွေကို ထိုးဖောက်ဝင်ရောက်နေပြီဖြစ်ပြီး အိမ်တံခါးကတော့ ဖွင့်လျက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးပိုင်ရှင်သေဆုံးချိန်မှစပြီး အိမ်အတွင်းပိုင်းဟာ မပြောင်းလဲပဲကျန်နေခဲ့ပြီး အရင်ကစိုက်ပျိုးရေးကို လုပ်ကိုင်ခဲ့ကြတဲ့ မျိုးဆက်ရဲ့ကလေးတွေဟာ တောင်သူလယ်သမားဘဝကို ဆက်မသွားချင်တော့တာကြောင့် စွန့်ပစ်နေရာအဖြစ်သာ ကျန်ရှိနေခဲ့တာ ဖြစ်ပါတယ်။

နံရံ့တွေဟာ ရေညှိတွေဖုံးလွှမ်းနေပြီး အမိုးတွေပြိုကျနေပေမယ့် အိမ်ထောင်ပရိဘောဂအဟောင်းတွေနဲ့ ကျန်ရှိနေတဲ့ ပိုင်ဆိုင်မှုတွေဟာ မပြောင်းလဲပဲ တည်ရှိနေပါတယ်။ ဒါတွေက အတိတ်ကပုံရိပ်တွေကို ပြသနေတာဖြစ်ပြီး လယ်သမားအဘိုး Gustav ရဲ့ မိသားစု နေထိုင်ခဲ့တဲ့ ရွာအမှတ်တရလေးတွေက တစ်ခြားသူတွေကို စိတ်လှုပ်ရှားမှု ဖြစ်စေခဲ့ပါတယ်။

SHWEMOM

Zawgyi

စြန္႔ပစ္ထားတာ ၾကာျမင့္ေနၿပီျဖစ္ေပမယ့္ ပိုင္ဆုိင္မႈေတြ နဂိုအတိုင္း က်န္႐ွိေနတဲ့ အိမ္အိုႀကီး

႐ြာသူ႐ြာသားမ်ားရဲ႕ ေျပာျပခ်က္အရ တစ္ခ်ိန္က ဒီအိမ္ႀကီးမွာ စိတ္သေဘာထားေကာင္းမြန္ၿပီး ၾကင္နာတတ္တဲ့ လယ္သမားတစ္ဦး ေနထိုင္ခဲဲ့တယ္လု႔ိ ဆုိပါတယ္။ ဒီလယ္သမားႀကီးဟာ သူ႔ရဲ႕အေကာင္းဆံုးေသာ မ်ိဳးေစ့ေတြကို အိမ္နီးနားခ်င္းေတြကို ေဝမွ်ေပးေလ့႐ွိတာပါ။

ဒါက ႐ြာသားေတြအတြက္ ပံုမွန္မဟုတ္တဲ့ ထူးဆန္းတဲ့ကိစၥျဖစ္္ေနတာေၾကာင့္ လယ္သမားႀကီးကို လူေတြက ဘာလုိ႔႔ဒီလုိလုပ္တာလဲလုိ႔ အျမဲတမ္းအေမးခံရတာျဖစ္ၿပီး လယ္သမားႀကီးက ခုလုိျပန္္ေျပာခဲ့ပါတယ္ “ငါတုိ႔ဒီမွာေနလာတာ ႏွစ္္အေတာ္ၾကာၿပီ ငါတုိ႔မွာတူညီတဲ့ အေၾကာင္းအရင္းေတြ႐ွိတယ္္ လယ္ေတြ႐ွိၾကတယ္ ဒါေၾကာင့္ တကယ္လုိ႔ င့ါရဲ႕အိမ္နီးခ်င္းေတြက အရည္အေသြးနိမ့္စပါးေတြကို စိုက္ပ်ိဳးလုိက္ရင္ ငါတို႔ရဲ႕အသီးအႏွံအရည္အေသြးကို က်ဆင္းေစလိမ့္မယ္ အဲဒါေၾကာင့္ သူတို႔ကို အေကာင္းဆံုးမ်ိဳးေစ့ေတြပဲ စိုက္္ပ်ိဳးေစခ်င္တယ္” လုိ႔ ေျပာၾကားခဲ့ပါတယ္။

႐ွာေဖြေတြ႔႐ွိသူဟာ ဥေရာပရဲ႕စြန္႔ပစ္ေနရာမ်ားကို စူးစမ္းေလ့လာရန္ ပထမဆံုးေျခလွမ္းစတင္ခ်ိန္မွာ ဒီအိမ္ကို မေတာ္တဆ႐ွာေတြ႔ခဲ့တာ ျဖစ္ပါတယ္။ ထူထပ္သိပ္သည္းတဲ့ အပင္ေတြဟာ အေဆာက္အအံုရဲ႕ မ်က္ႏွာစာေတြကို ထိုးေဖာက္ဝင္ေရာက္ေနၿပီျဖစ္္ၿပီး အိမ္တံခါးကေတာ့ ဖြင့္လ်က္႐ွိေနခဲ့တာ ျဖစ္ပါတယ္။

ေနာက္ဆံုးပိုင္႐ွင္ေသဆံုးခ်ိန္မွစၿပီး အိမ္အတြင္းပိုင္းဟာ မေျပာင္္းလဲပဲက်န္္ေနခဲ့ၿပီး အရင္ကစိုက္ပ်ိဳးေရးကို လုပ္ကိုင္ခဲ့ၾကတဲ့ မ်ိဳးဆက္ရဲ႕ကေလးေတြဟာ ေတာင္သူလယ္သမားဘဝကို ဆက္မသြားခ်င္ေတာ့တာေၾကာင့္ စြန္႔ပစ္ေနရာအျဖစ္သာ က်န္႐ွိေနခဲ့တာ ျဖစ္ပါတယ္။

နံရံ႕ေတြဟာ ေရညိွေတြဖံုးလႊမ္းေနၿပီး အမိုးေတြၿပိဳက်ေနေပမယ့္ အိမ္ေထာင္ပရိေဘာဂအေဟာင္းေတြနဲ႔ က်န္႐ွိေနတဲ့ ပိုင္ဆိုင္မႈေတြဟာ မေျပာင္းလဲပဲ တည္႐ွိေနပါတယ္။ ဒါေတြက အတိတ္ကပံုရိပ္ေတြကို ျပသေနတာျဖစ္ၿပီး လယ္သမားအဘိုး Gustav ရဲ႕ မိသားစု ေနထိုင္္ခဲ့တဲ့ ႐ြာအမွတ္တရေလးေတြက တစ္ျခားသူေတြကိို စိတ္္လႈပ္႐ွားမႈ ျဖစ္ေစခဲ့ပါတယ္။

SHWEMOM

About the author

Real Thadin