Amazing Environment

ညဘက်ရောက်မှ ကြယ်များနှင့်ပြည့်နက်နေတဲ့သမုဒ္ဒရာကဲ့သို့ ထူးဆန်းလှပစွာ တောက်ပနေတဲ့ကျွန်းတစ်ကျွန်း (ရုပ်သံ)

ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာမြေကြီးဟာ ရင်သပ်ရှုမောဖွယ်ရာအရာများဖြင့်ပြုလုပ်ဖန်တီးထားတဲ့ လှပသောနေရာတစ်ခုဖြစ်ပါတယ်။ ခုဖော်ပြပေးမဲ့ ဤအံ့သြဖွယ်ရာ၊ လက်တွေ့မကျသည့်ပုံများကို ထိုင်းနိုင်ငံ Maldives ကျွန်းရှိကမ်းခြေတစ်ခုတွင် ဓာတ်ပုံဆရာတစ်ဦးကရိုက်ယူခဲ့တာပါ။ တကယ်တမ်း ဤဓာတ်ပုံများက Photoshop လုပ်ထားခြင်းမရှိသော်လည်း ၎င်းကဲ့သို့ပုံပေါ်နေပါတယ်။ သင်မြင်နေရတဲ့အရာဟာ အမှန်အားဖြင့် bioluminescent phytoplankton ဟုခေါ်တဲ့ သန်းပေါင်းများစွာသောအဏုဇီဝသက်ရှိများသာဖြစ်ပါတယ်။ ဤရေမျောများဟာ ၎င်းတို့ရဲ့စွမ်းအင်ကိုအလဟသဖြစ်စေသောကြောင့် အချိန်တိုင်းမီးမလင်းထားတတ်ကြပါဘူး။ ထို့ကြောင့် ၎င်းတို့အား အခုလိုဗီဒီယိုရိုက်ကူးထားဖို့ဆိုတာ အလွန်ကိုရှားပါးတဲ့အတွေ့အကြုံပါဘဲ။

၎င်းတို့ဟာ ကမ္ဘာမြေကြီးနှင့်သမုဒ္ဒရာနှစ်ခုလုံးတွင်တွေ့နိုင်သော သက်ရှိသတ္တဝါများဖြစ်ပြီး ၎င်းတို့ရဲ့ခန္ဓာကိုယ်အတွင်းဓာတုတုံ့ပြန်မှုမှတဆင့် အလင်းထုတ်ပေးပါတယ်။ bioluminescence ဟာ chemiluminescense ဟုခေါ်သောအလင်းထုတ်ဓာတုတုံ့ပြန်မှုတစ်ခု၏ရလဒ်ဖြစ်ပါတယ်။

၎င်းက အချို့သောဓာတုပစ္စည်းများနှင့်ပေါင်းစပ်သွားတဲ့အခါ ၎င်းတို့ဟာ အခြေခံအားဖြင့်အခြားအမှုန်များကိုလှုံ့ဆော်သောစွမ်းအင်ကိုထုတ်လုပ်ပေးပြီး ၎င်းတို့လည်း တောက်ပစေသောအလင်းကိုထုတ်လုပ်ပေးပါတယ်။

bioluminescence ရဲ့အကြောင်းပြချက်က သားကောင်များကိုအမှန်တကယ်ရှောင်ရှားရန်နှင့် ၎င်းဟာ dinoflagellates တွင် ကာကွယ်ရေးယန္တရားတစ်ခုအဖြစ်လုပ်ဆောင်ပါတယ်။

Dinoflagellates များဟာ စိတ်အနှောင့်အယှက်ဖြစ်တဲ့အခါ ဤအလင်းကိုထုတ်ပေးပါတယ်။ ၎င်းအလင်းရောင်ဟာ အခြားသားကောင်တွေကိုဆွဲဆောင်ရန်ရည်ရွယ်၍ ၎င်းအဏုဇီဝသက်ရှိများက dinoflagellate ကိုအနှောက်အယှက်ဖြစ်စေသောအရာကိုစားသုံးကြပါတယ်။

၎င်းအလင်းရောင်၏ ရောင်ပြန်မှုဟာ သားကောင်တို့အား သတိပေးနှိုးဆော်စေပြီး ၎င်းတို့အား အဝေးကိုထွက်သွားစေရန်နှင့် dinoflagellates အားစားရန်ဖြစ်နိုင်ခြေနည်းစေပါတယ်။

တစ်ခါတစ်ရံမှာ ၎င်း phytoplankton အဏုဇီဝသက်ရှိများဟာ လှိုင်းများက ၎င်းတို့ကို ရေနှင့်တိုက်စားစေတဲ့ဖိအားများကြောင့် အခုလိုအပြာရောင်အလင်းရောင်ဖြင့်တောက်ပလာတတ်ပါတယ်။ ဤအရာဟာ လူကိုယ်တိုင်မြင်နိုင်သည်ဟုထင်နိုင်တဲ့အလှဆုံးအရာများထဲမှတစ်ခုဖြစ်ပါတယ်။

ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာမြေကြီးဟာ မှော်ဆန်လွန်းလှတဲ့နေရာတစ်ခုဖြစ်ပြီး လူသားများအနေနဲ့ ကမ္ဘာဂြိုဟ်ငယ်တစ်ခုရှိအလှအပအားလုံးကိုခံစားရန်လုံလောက်တဲ့သက်တမ်းမရှိပါဘူး။

Mia (KB Chimmy One)

About the author

Real Thadin