Love & Relationship
ရည်းစားထံမှ ဇိမ်ခံကားနဲ့ ငွေအမြောက်အများတို့ဖြင့် လက်ထပ်ခွင့်တောင်းခြင်းခံရတဲ့ အားကျစရာ မိန်းကလေးငယ်တစ်ဦး
မလေးရှားလူမျိုးများက ကျွန်ုပ်တို့အတွက် အရေးပါဆုံးလူသားကို ချစ်ကြောင်းပြတဲ့အခါ ၎င်းတို့က အကွက်အကွင်းစဉ်းစားနိုင်ကြောင်းကို သက်သေပြခဲ့ကြပါတယ် ။ လူများစွာက ပုံမှန်ချောကလက်ဘူးများ သို့မဟုတ် ပန်းစည်းများကိုသာ ပေးရန် ရွေးချယ်ကြသော်လည်း အချို့က လူမှုမီဒီယာမှာ အတော်လေးရေပန်းစားခဲ့တဲ့ ငွေပန်းစည်းနဲ့ propose လုပ်ခဲ့သလို ကွဲပြားခြားနားတဲ့ အရာတစ်ခုကို ပေးရန်ရွေးချယ်ကြပါတယ် ။ မကြာသေးမီက အမျိုးသားတစ်ဦးဟာ သူ့ကောင်မလေးကို ဇိမ်ခံကားတစ်စီးနဲ့ ငွေအမြောက်အမြားတို့ဖြင့် propose လုပ်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး တင်ပြလာခဲ့ပါတယ် ။
၎င်းအမျိုးသားက သူ့ကောင်မလေးကို လူတိုင်းမနာလိုဖြစ်စေမယ့် ဇိမ်ခံပစ္စည်း ကားက BMW i8 ဖြစ်ပြီး ၎င်းအတွက် ကားရဲ့စျေးနှုန်းက RM1 သန်းဖြစ်ပါတယ် ။ ၎င်းက အလွန်စျေးကြီးသောကားတစ်စီးဖြစ်ပါတယ် ။ ထို့အပြင် အမျိုးသမီးကို လုံးဝအလွန်လှပတဲ့ စိန်လက်စွပ်တစ်ကွင်းကိုလည်းရခဲ့ပြီး ၎င်းလက်စွပ်က RM20K နဲ့ RM10K ခန့် ကုန်ကျမယ့် ငွေပမာဏဖြစ်ပါတယ် ။ ၎င်းအကြောင်းကို Facebook အကောင့်မှာတင်ခဲ့ပြီး သူမအပေါ်သူ့ရဲ့ရိုးသားမှုအားလုံးကို ပေးလိမ့်မယ်လို့ ကောင်လေးက ပြောခဲ့ပါတယ် ။ Aww.. ဒီလောက်ချစ်စရာကောင်းပြီး ချစ်ဖို့ကောင်းတဲ့ကောင်လေးပါလား ~~
ကံကောင်းလွန်းတဲ့ အမျိုးသမီးက သူမရဲ့ Facebook အကောင့်မှာ propose လုပ်ပုံများကို တင်ခဲ့ပြီး သူမရဲ့ ပျော်ရွှင်စရာအခိုက်အတန့်များကို အခြားသူများနဲ့ ဝေမျှခဲ့ပါတယ် ။ သူမက သူမချစ်သူရဲ့ ကြိုးစားမှုများနဲ့ အလွန်ထိတွေ့ပြီး သူမက သူ့ချစ်သူနဲ့ တစ်သက်တာလုံးအတူတူကုန်ဆုံးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါတယ် ။ သူတို့ လက်ထပ်ခွင့်တောင်းနေတဲ့အခိုက်အတန့်လေးကိုလည်း ဗီဒီယိုနဲ့ ပြထားပါတယ် ။
JRose (KB Chimmy One)
Zawgyi
JRose (KB Chimmy One)
About the author
Real Thadin